မတူပီမြို့တွင် လင်မယားနှစ်ဦး မိုင်းနင်မိရာ ခင်ပွန်းသေဆုံး

မတူပီမြို့တွင် လင်မယားနှစ်ဦး မိုင်းနင်မိရာ ခင်ပွန်းသေဆုံး

မတူပီမြို့တွင် နေထိုင်သော ဦးယာပဲန်း (အသက် ၅၆ နှစ်) အရွယ်ဟာ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက်တွင် မတူပီမြို့အခြေစိုက် ခလရ ၃၀၄ တပ်ရင်းအနားတွင်ရှိသော ၎င်းတို့ ခြံသို့ ဇနီးနဲ့အတူအသွားတွင် မိုင်းနင်းမိပြီး ဦးယာပဲန်းဟာ ချက်ချင်းဆုံးသွားကြောင်း သိရပါတယ်။

ဦးယာပဲန်း၏ ဇနီးကတော့ခြေထောက်တွင် ဒဏ်ရာ ရရှိပြီး မတူပီမြို့ပြည်သူ့ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားကြောင်း သိရပါတယ်။ ဦးယာပဲန်းဟာ ဆက်သွယ်ရေးဌာနတွင် အလုပ်လုပ်နေသော သူတစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*