
Mah hi na phone ah install rak tuah law Internet line hman hau tuk lo in vawleicung thawng rel khawh a si cang mu!
မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက လက်ရှိ အာဆင်နယ်နည်းပြ အာတီတာသည် မန်စီးတီးအသင်းတွင် ၎င်း၏လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်ကတည်းက အာဆင်နယ်ကို ဂိုးသွင်းလျှင် အောင်ပွဲခံလေ့မရှိကြောင်း ပြောကြားခဲ့သည်။
အာတီတာသည် ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် (၃)နှစ်ကြာ ဆောင်ရွက်ခဲ့သူဖြစ်သည်။
ဂွါဒီယိုလာက “အဲဒီတုန်းက ကျွန်တော်တို့ ဂိုးသွင်းရင် သူက ခုန်ပေါက်အောင်ပွဲခံလေ့ရှိပေမဲ့ ခြွင်းချက်တစ်သင်းတော့ ရှိပါတယ်။ အဲဒါ အာဆင်နယ်ပါပဲ။ သူ အာဆင်နယ်အသင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်”ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် အာတီတာနှင့် ဆုံတွေ့ရမည့် FA ဖလားပွဲမတိုင်မီ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
Leave a Reply