မြန်မာ့စီးပွားရေးကဏ္ဍ စစ်အာဏာမသိမ်းခင်ကထက် နိမ့်ကျ — မြန်မာဌာန

မြန်မာ့စီးပွားရေးဟာ မနှစ်ကအတိုင်း ဒီနှစ်လည်း ၃ ရာခိုင်နှုန်း တိုးလာနိုင်ဖွယ်ရှိပေမယ့် ၂ဝ၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလထက် နိမ့်ကျနေဆဲပဲလို့ ကမ္ဘာ့ဘဏ်က ဇန်နဝါရီလ ၃ဝ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ကိုဗစ်ကပ်ရောဂါ မကျရောက်ခင်ကနဲ့ စစ်အာဏာမသိမ်းခင်ကာလကထက် မြန်မာ့စီးပွားရေးက ၁ဝ ရာခိုင်နှုန်းကျော် ကျဆင်းနေဦးမယ်လို့လည်း ခန့်မှန်းပါတယ်။

၂ဝ၂၂ ခုနှစ် ဇူလိုင်လကတည်းက မြန်မာကျပ်ငွေတန်ဖိုး ထိုးကျလာခဲ့ပြီး ဒီဇင်ဘာလမှာ ပြီးခဲ့တဲ့နှစ်နှစ်ကထက် ၅ဝ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

သွင်းအားစုရှားပါးတာ၊ ဝယ်လိုအား လျော့နည်းတာတွေကြောင့် ၂ဝ၂၃ ဘဏ္ဍာနှစ်မှာ လူတစ်ဦးချင်းရဲ့ GDP ဟာ ၂ဝ၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း လျော့ကျနေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

လောလောဆယ်ဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခတွေကြောင့် လူမှုဘဝနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပေါ် ထိခိုက်စေပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်တာကလည်း စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်ထိခိုက်စေတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအခြေအနေတွေ၊ အကြမ်းဖက်မှုတွေနဲ့ စစ်ဆေးရေးဂိတ်တွေ များလာတဲ့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေး အဟန့်အတား ဖြစ်ရတယ်လို့လည်း ဖော်ပြထားပါတယ်။



ad_1

The Post appeared first on this Source Link

Be the first to comment

Leave a Reply

Your email address will not be published.


*