
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ဟောင်းနေရာ ပါဂျောင်ရွာအနီးက ရှအစ်ယန် (Sha-it Yang) စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေပါတယ်။

အဲဒီနေရာဟာ နှင်းကျပြီး အေးတဲ့ဒေသဖြစ်သလို နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ မနက်အစောပိုင်း ရေခဲတဲ့အထိ အေးတာကြောင့် ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေတာလို့ ဒုက္ခသည်စခန်း ဒုတိယတာဝန်ခံ ဦးမဝိုင်အောင်ဒီးက RFA ကို ပြောပါတယ်။
“နေ့လယ်ခဏပဲနွေးပြီး တစ်နေကုန် တော်တော်အေးတော့ အနွေးထည်တွေ၊ စောင်တွေ တော်တော်ခက်ခဲကြတာပေါ့။ ထင်းတွေလည်း မီးလှုံရတယ်၊ ထင်းကောက်မယ့် နေရာတွေလည်း မရှိလာတော့ ကျနော်တို့အတွက် ဆောင်းတွေမှာက နေရတာ အဆင်မပြေဘူး။ သူများတွေထက်တော့ ပိုပြီးခက်ခဲတယ်လို့ ခံစားရတာပေါ့”
အနွေးထည်မရှိတဲ့ တချို့ကျောင်းသားတွေ ဒီအတိုင်းပဲ ကျောင်းလာနေကြရတယ်လို့ အဲဒီဒုက္ခသည်စခန်းမှာရှိတဲ့ ရှအစ်ယန် အလယ်တန်းကျောင်းဆရာတစ်ဦးက RFA ကို ပြောပါတယ်။
“အနွေးထည် သိပ်မရှိကြတော့ဘူး။ ကျောင်းလာတာ တချို့က အနွေးထည်တောင်မဝတ်ဘူး။ အရင်ကတော့ အကူအညီတွေ လာပေးတယ်။ အခုနောက်ပိုင်း သိပ်မလာတော့ဘူး။ ဝယ်ဝတ်ဖို့လည်း ဒီမှာကစျေးကြီးတယ်”
ဒီစခန်းမှာ ၂၀၁၁ ခုနှစ် ဇွန်လ ၆ ရက်နေ့ကစပြီး ကချင်ပြည်နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ရွာပေါင်း ၂၀ ခန့်က စစ်ဘေးဒုက္ခသည် ၁၃၀၀ ကျော် နေထိုင်နေပါတယ်။
ad_1
The Post appeared first on this Source Link
Leave a Reply