
နိုင်ငံတကာတရားရုံးတွေမှာ စစ်ခေါင်းဆောင်တွေကို တရားစွဲတာတွေ များလာလေလေ၊ စစ်ခေါင်းဆောင်တွေအတွက် ပြေးစရာမြေနေရာ မရှိဖြစ်လာလေလေပဲလို့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။ အာဏာသိမ်းထားတာ နှစ်နှစ်တာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတကာစာမျက်နှာမှာ ဘာတွေ လုပ်ဆောင်နိုင်ခဲ့ပြီလဲဆိုတာကို RFA ဝိုင်းတော်သား စောဖိုးခွားက ပြီးခဲ့တဲ့ သောကြာနေ့မှာ Zoom ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
လတ်တလော ပြည်သူလူထုဘက်က ခုခံကာကွယ်လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းနေရတယ်ဆိုပေမယ့် စားပွဲဝိုင်းမှာ ထိုင်စကားပြောတဲ့ နည်းလမ်းနဲ့သာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။ အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
ad_1
The Post appeared first on this Source Link
Leave a Reply