မန်စီးတီးအသင်းကို ချက်ချင်းအမှတ်လျှော့ရန် အာဆင်နယ်အမာခံပရိသတ်ဖြစ်သူ နာမည်ကြီးအားကစားဂျာနယ်လစ် ပီယာ့စ်မော်ဂန် တောင်းဆို


ဘဏ္ဍာရေးစည်းမျဉ်းအား အကြိမ်ပေါင်းများစွာ ချိုးဖောက်မှုဖြင့် စွဲချက်တင်ခံရသည့် မန်စီးတီးအသင်းကို ရမှတ်လျှော့ပြစ်ဒဏ် ချက်ချင်းချမှတ်သင့်ကြောင့် ဗြိတိန်နာမည်ကြီးအားကစားဂျာနယ်လစ်နှင့် အာဆင်နယ်အမာခံပရိသတ်ဖြစ်သူ ပီယာ့စ်မော်ဂန်က တောင်းဆိုခဲ့သည်။

ပီယာ့စ်မော်ဂန်က “တကယ်တရားလွန်ပါတယ်။ ချက်ချင်းပဲ ရမှတ်လျှော့ချသင့်ပါတယ်”ဟု Twitter တွင် ရေးသားခဲ့သည်။ မန်စီးတီးအသင်းသည် စပွန်ဆာဝင်ငွေများ၊ နည်းပြများ၏လစာငွေများကို လိမ်လည်ဖော်ပြမှုများ ရှိခဲ့ခြင်းအပါအဝင် ငွေကြေးပိုင်းနှင့် ပတ်သက်၍ မရိုးသားမှုများစွာဖြင့် ၂၀၀၉-၁၀ ရာသီမှ ၂၀၁၇-၁၈ ရာသီအထိ ကိုးရာသီအတွင်း ဘဏ္ဍာရေးစည်းမျဉ်းကို အကြိမ် ၁ဝဝကျော် ချိုးဖောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ယခုပြဿနာမှာ ၂၀၁၈ ခုနှစ်အတွင်း ဂျာမန်သတင်းစာ Der Spiegel က မန်စီးတီးအသင်း အနေဖြင့် စပွန်ဆာစာချုပ်များတွင် လိမ်လည်မှုများရှိနေကြောင်း ဖော်ထုတ်ရေးသားရာမှ အစပြုခဲ့ခြင်းဖြစ်သည်။ Der Spiegel ၏ ဖော်ထုတ်မှုကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က မန်စီးတီးအသင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မန်စီးတီးအသင်းအား ဥရောပပြိုင်ပွဲများ ယှဉ် ပြိုင်ခွင့် နှစ်နှစ်ပိတ်ပင်ခဲ့သည်။

သို့သော် မန်စီးတီးအသင်းက ဥရောပအားကစားခုံရုံး (CAS) ထံ အယူခံတင်သွင်းရာ အောင်မြင်ခဲ့သည့်အတွက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ယခုကဲ့သို့ စွဲချက်တင်ခဲ့ခြင်းအပေါ် မန်စီးတီးအသင်းက အံ့အားသင့်မိကြောင်းနှင့် ရင်ဆိုင်ဖြေရှင်းသွားရန်အသင့်ရှိကြောင်း တုံ့ ပြန်ခဲ့သော်လည်း အယူခံတင်သွင်းခွင့်ရှိတော့မည်မဟုတ်ကြောင်း သိရသည်။

Source link

Be the first to comment

Leave a Reply

Your email address will not be published.


*