လီဗာပူးလ်ကို ယာဂန်ကလော့ပ် ပြန်လည်တည်ဆောက်ခွင့် ရမည်မဟုတ်ဘဲ လာမည့်နွေရာသီ၌ လမ်းခွဲလိမ့်မည်ဟု ရစ်ချက်ကီးစ် သုံးသပ်


ဗြိတိန်၏နာမည်ကျော် အားက စားအစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်သည့် ရစ်ချက်ကီးစ်က လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် အသင်းကို ပြန်လည်တည်ဆောက်ခွင့်ရမည်မဟုတ်ဘဲ လာမည့်နွေရာသီတွင် လမ်းခွဲလိမ့်မည်ဟု သုံးသပ်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ခြေစွမ်းရော ရလဒ်ပိုင်းပါ ကျဆင်းမှုနှင့် ကြုံတွေ့နေရသောကြောင့် ယာဂန်ကလော့ပ်အနေဖြင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

သို့သော် အသင်းတာဝန်ရှိသူများသည် ယာဂန်ကလော့ပ်ကို ရာထူးမှထုတ်ပယ်ရန် အစီအစဉ်မရှိဘဲ လာမည့်နွေရာသီ၌ အသင်းကို ပြန်လည်တည်ဆောက်သွားရန် စီစဉ်နေကြောင်း သုံးသပ်မှုများရှိနေသည်။

ယင်းသို့ ပြန်လည်တည်ဆောက်ရာတွင် ယာဂန်ကလော့ပ်ကိုပင် ဆက်လက်တာဝန်ပေးလိမ့်မည်ဟု သုံးသပ်နေကြသည့်အတွက် ရစ်ချက်ကီးစ်က မဖြစ်နိုင်ကြောင်း တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ရစ်ချက်ကီးစ်က “ကျွန်တော့် အထင်ကတော့ ကလော့ပ် ထွက်ခွာသွားမှာပါ။ အခုတော့ မဟုတ်ပါဘူး။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ရီးယဲလ်ကိုရှုံးပြီး ပြိုင်ပွဲကထွက်ရမယ်ဆိုရင် လာမယ့်ရာသီမစခင် သူ ထွက်သွားမှာပါ။ သူက ပြန်လည်တည် ဆောက်မှုကို အစောကြီးကတည်းက စတင်ခဲ့သင့်တာပါ။ နောက်ရာသီအတွက် သူ့ကို ကျွန်တော်တို့ ယုံကြည်ပေးရမှာလား။ ကျွန်တော်ကတော့ မယုံကြည်ပါဘူး”ဟု ပြော ကြားခဲ့သည်။

ကလော့ပ်သည် လီဗာပူးလ်နှင့် ၂၀၂၆ အထိ စာချုပ်ထားသူ ဖြစ်သည်။

Source link

Be the first to comment

Leave a Reply

Your email address will not be published.


*