၂၀၂၃-၂၄ ရာသီအတွက် တစ်ရာသီစာလက်မှတ်ဈေးနှုန်းကို အဆင်နယ်အသင်း (၅)ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး ပွဲအရေအတွက်ကိုမူ လျှော့ချခဲ့


အာဆင်နယ်အသင်းသည် လာမည့် ၂၀၂၃-၂၄ ရာသီအတွက် တစ်ရာသီလက်မှတ်ဈေးနှုန်းကို (၅)ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး ပွဲအရေအတွက်ကိုမူ (၂၆)ပွဲမှ (၂၂)ပွဲသို့ လျှော့ချခဲ့ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်း၏ တစ်ရာသီစာလက်မှတ်ကိုင်ဆောင်သူများသည် နှစ်စဉ်နှစ်တိုင်း အိမ်ကွင်း (၂၆)ပွဲစာ ပေးချေရလေ့ရှိကြောင်း သိရှိရသည်။ ယင်းအိမ်ကွင်း (၂၆)ပွဲတွင် ပရီးမီးယားလိဂ် (၁၉)ပွဲ၊ FAဖလား (၂) ပွဲနှင့် ဥရောပပွဲစဉ် (၅)ပွဲပါဝင်ကြောင်း သိရသည်။

ယခုအခါ အာဆင်နယ်အသင်းသည် ပရိသတ်များနှင့်တိုင်ပင်ပြီး လာမည့်ရာသီအတွက် တစ်ရာသီစာလက်မှတ်တွင် ပရီးမီးယားလိဂ် (၁၉)ပွဲနှင့် ဥရောပပွဲစဉ် (၃)ပွဲသာထည့် သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်း၏ ထုတ်ပြန်ချက်တွင် “အသင်း၏ တစ်ရာသီစာပရိသတ်များနှင့် တိုင်ပင်ပြီးနောက် ပရိသတ်များ၏ဆန္ဒအတိုင်း ပြောင်းလဲခဲ့ကြောင်း၊ တစ်ရာသီလက်မှတ်တွင် ဖလားပွဲများကို ထည့်သွင်းခဲ့ခြင်းမရှိသည့်အတွက် လာမည့်ရာသီတွင် ပွဲလက်မှတ်စောင်ရေ (၁၅၀၀၀၀) ပို ထွက်လာမည်ဖြစ်ကြောင်း၊ တစ်ရာသီလက်မှတ်တွင် ပွဲလျှော့လိုက်သည့်အတွက် ဥရောပပွဲစဉ်များ ပါဝင်သည့် Package ကို ဝယ်သူများအနေဖြင့် (၇၆) ပေါင်ဈေးနှုန်းသတ်မှတ်သွားမည်ဖြစ်ကြောင်း” ဖော်ပြပါရှိသည်။

အာဆင်နယ်အသင်းအနေဖြင့် တစ်ရာသီစာလက်မှတ်ဈေးနှုန်းကို (၅)ရာခိုင်နှုန်းတိုးမြှင့်ခဲ့သော်လည်း ပွဲအရေအတွက်လျှော့ချခဲ့သဖြင့် ကုန်ကျငွေ ပိုလျော့သွားမည်ဖြစ်သည်။

Source link

Be the first to comment

Leave a Reply

Your email address will not be published.


*